Official policy

Ticket Policy

Official ticket, QR entry, refund and event-day rules for Gita and the REDvolution Concert Series.

REDvolution Concert Series Organizers · Keep this page for reference

လက်မှတ်ဆိုင်ရာ မူဝါဒ

  • ပွဲအတွင်းသို့ဝင်ရောက်သည့်အခါ ဝယ်ယူထားသည့် E-Ticket (Digital သို့မဟုတ် Printed) ကို ပြသပေးရပါမည်။
  • ဝယ်ယူထားသော လက်မှတ်များကို အခြားသူထံ လွှဲပြောင်းအသုံးပြုခွင့် မရှိပါ။ လက်မှတ်သည် သတ်မှတ်ထားသော ရက်စွဲ၊ အချိန်နှင့် Ticket Zone အတွက်သာ အကျုံးဝင်ပါသည်။
  • လက်မှတ်တစ်စောင်လျှင် ပွဲကျင်းပရာအတွင်းသို့ တစ်ကြိမ်သာ ဝင်ရောက်ခွင့်ရှိပြီး Venue အတွင်းမှ ထွက်ခွာပြီးပါက ပြန်လည်ဝင်ရောက်ခွင့် (Re-entry) မရှိပါ။
  • QR Code / Ticket Code ကို လုံခြုံစွာ သိမ်းဆည်းထားပါ။ အများမြင်နိုင်သည့်နေရာများတွင် မျှဝေခြင်း၊ Social Media များပေါ်တွင် တင်ခြင်းများ မပြုလုပ်ပါနှင့်။
  • ပွဲလာရောက်သူများအားလုံးသည် Venue ၏ လုံခြုံရေးစစ်ဆေးမှုနှင့် စည်းကမ်းချက်များအပြင် ပွဲစီစဉ်သူများ၏ ညွှန်ကြားချက်များကို လိုက်နာရပါမည်။
  • လက်မှတ်ဝယ်ယူပြီးပါက Refund သို့မဟုတ် Exchange ပြုလုပ်ပေးမည်မဟုတ်ပါ။ ပွဲဖျက်သိမ်းခြင်း သို့မဟုတ် ရက်ရွှေ့ဆိုင်းခြင်းများ ဖြစ်ပေါ်ပါက ပွဲစီစဉ်သူများမှ ထုတ်ပြန်သည့် သတ်မှတ်ချက်များအတိုင်း ဆောင်ရွက်ပေးပါမည်။
  • မမျှော်မှန်းနိုင်သော အခြေအနေများနှင့် လိုအပ်ချက်များရှိပါက REDvolution Concert Seriesပွဲစီစဉ်သူများအနေဖြင့် ပွဲအစီအစဉ်၊ အချိန်ဇယား (သို့မဟုတ်) ပွဲကျင်းပမှုဆိုင်ရာ အစီအစဉ်များကို ပြောင်းလဲပြင်ဆင်ခွင့်ရှိပါသည်။

Additional Information

  • ပွဲချိန်မှာ ခန့်မှန်းခြေအားဖြင့် ၃-၄ နာရီ ကြာမြင့်မည်ဖြစ်ပါသည်။
  • ည ၇နာရီ အတိတွေ ပွဲစမည်ဖြစ်သောကြောင့် စောစောလာရောက်ရန် အကြံပြုပါသည်။
  • ညနေ ၄နာရီ မှစ၍ Door Open ပြုလုပ်ထားမည်ဖြစ်ပါသည်။
  • လက်ပတ် (Wristband) များကို လက်မှတ်အမျိုးအစားအလိုက် ပွဲဝင်ချိန်တွင် ထုတ်ပေးပါမည်။
  • ကလေးသူငယ်များအတွက်လည်း လက်မှတ်လိုအပ်ပါသည်။
  • ပွဲရောက်တဲ့အခါ E-Ticket သို့မဟုတ် QR Code ပြရန်လိုအပ်ပါသည်။
  • မိမိ၏ လက်မှတ်ကို လုံခြုံစွာ သိမ်းဆည်းထားရန် မေတ္တာရပ်ခံအပ်ပါသည်။
  • ပျောက်ဆုံးခြင်း၊ ခိုးယူခံရခြင်း သို့မဟုတ် ပျက်စီးသွားသော လက်မှတ်များကို အသစ်ပြန်လည်ထုတ်ပေးမည် မဟုတ်ပါ။
  • စည်းကမ်းချိုးဖောက်သူများကို ပွဲတွင်းဝင်ရောက်ခွင့် ပြုမည်မဟုတ်ပါ။
  • ပွဲဖျက်သိမ်းခြင်း (သို့) ပွဲရက်ရွှေ့ဆိုင်းခြင်းမှလွဲ၍ လက်မှတ်များကို ပြန်လည်လဲလှယ်ပေးခြင်း (သို့) ငွေပြန်အမ်းပေးခြင်းများ ပြုလုပ်ပေးမည်မဟုတ်ပါ။
  • လူတစ်ဦးလျှင် အများဆုံး လက်မှတ် (၁၀) စောင် အထိသာ ဝယ်ယူနိုင်ပါသည်။
  • ပွဲအတွင်း ယူဆောင်ခွင့်မပြုသော ပစ္စည်းများ။
  • ဓာတ်ပုံ / Video ရိုက်ကူးခွင့်ဆိုင်ရာ စည်းမျဉ်းများ။
  • Ticket သို့မဟုတ် Payment ပြဿနာများအတွက် ဆက်သွယ်ရန်။

Ticket or payment help

For an active ticket or payment issue, visit Gita Support. For your QR ticket, open My Tickets. This help link does not change the official refund or transfer rules above.